
s22







(၃) ~ ဆူညံသံများ …












(၉) ~ ထူးဆန်းတဲ့ အရိပ်တွေ …






(၁၂) ~ တီးတိုးသံ …


Credit to မ​နောမယ

…………………………………

unicode

အိမ်တစ်အိမ်မှာ မကျွတ်မလွတ်သေးသူ ရှိနေကြောင်း သိနိုင်တဲ့ လက္ခဏာများ

အောက်ဖော်ပြပါအချက်အလက်များထဲက လေးငါးခုလောက်ကြုံတွေ့နေရပြီဆိုလျင်ကျိမ်းသေပေါက်ကိုပြိတ္တာဘဝနဲ့မကျွတ်မလွတ်သေးတဲ့ပုဂ္ဂိုလ်ရှိနေပြီလို့ဆိုနိုင်ပါပြီ ။

(၁) ~ တိရစ္ဆာန်လေးတွေ အကြောင်းမဲ့ မာန်ဖီခြင်း

သင့်ခွေးကအခန်းတစ်ခန်းကိုပဲအကြောင်းမဲ့ ထိုးဟောင်းနေသလားအိမ်မွေးတိရစ္ဆာန်လေးတွေကအကြောင်းမဲ့မာန်ဖီခြင်းတွေနဲ့ ထူးခြားတဲ့အပြုအမူတွေ ပြုလုပ်လာပြီဆိုရင် သူတို့ကသင်မမြင်နိုင်တဲ့အရာတစ်ခုခုကို မြင်နေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။

(၂) ~ နေရာတစ်နေရာတည်းမှာပဲ ကွက်ပြီး အေးစိမ့်နေခြင်း

ရုတ်တရက်ကြီးချမ်းစိမ့်သွားတာမျိုးဆိုရင် အနီးအနားမှာသရဲတစ္ဆေရှိနေလို့ ဖြစ်နိုင်ပါတယ်။

(၃) ~ ဆူညံသံများ

တံခါးခေါက်သံ၊ကုတ်ခြစ်သံ၊တဒုန်းဒုန်းထုသံတွေ ကြားနေရပြီးလုပ်တဲ့သူကိုရှာမတွေ့ဘူး၊ဒါမှမဟုတ်အိမ်ထဲမှာတခြားသူမရှိဘဲ ဒီလိုအသံတွေကြားရရင်လည်းသရဲတစ္ဆေဖြစ်နိုင်ပါတယ်။

(၄) ~ ပစ္စည်းတွေ ပျောက်သွားပြီး မမျှော်လင့်ဘဲ ပြန်ပြန်ပေါ်လာခြင်း

ပစ္စည်းတွေကိုကိုယ်ထားတဲ့နေရာမှာ ပြန်ရှာမတွေ့ဘဲ နောက်မှတခြားတစ်နေရာရာမှာ ပြန်ရှာတွေ့ပြီဆိုရင်တော့တစ်ဦးတစ်ယောက်ကယူသွားတာဖြစ်နိုင်ပါတယ်သင့်အိမ်မှာ အဲဒီလိုယူမယ့်သူမရှိဘူးဆိုရင်တော့အဖြေကရှင်းနေပါပြီ။

(၅) ~ လူမရှိဘဲ တံခါးတွေ ပိတ်သွားခြင်း

ဒီလိုအဖြစ်မျိုးကိုကိုယ်တိုင်မြင်တွေ့ရတာ ရှားပါတယ်ဒါပေမဲ့တံခါးပိတ်သံကြားရပြီး သွားကြည့်လိုက်တော့ဖွင့်ထားခဲ့တဲ့တံခါးက သူ့အလိုလိုပိတ်သွားတာမျိုးကိုတော့လူတော်တော်များများကြုံတွေ့ဖူးတယ်လို့ဆိုပါတယ်။

(၆) ~ မီးတွေ အလိုလို ဖွင့်ပိတ်ခြင်း

တံခါးတွေဖြစ်သလိုမျိုးပါပဲသင့်ရှေ့မှာဖွင့်ပိတ်သွားတာမျိုးတော့မဖြစ်ပါဘူးဒါပေမဲ့မီးကို ဖွင့်ထားခဲ့ပေမဲ့ ပြန်ဝင်လာတော့မီးကပိတ်နေတာမျိုး ဖြစ်တာပါအဲဒီလိုပဲတီဗွီတို့၊ ရေဒီယိုတို့လည်း ဖြစ်တတ်ပါတယ်။

(၇) ~ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရခြင်း

အထူးသဖြင့်အိမ်ရဲ့​နေရာတစ်နေရာကို ရောက်တိုင်းတစ်ယောက်ယောက်က ကြည့်နေတယ်လို့ခံစားရရင်ပေါ့။

(၈) ~ ကြမ်းပြင်၊ နံရံနဲ့ ပရိဘောဂပစ္စည်းတွေမှာ အစွန်းအထင်းတွေ တွေ့ခြင်း

ဘယ်ကဘယ်လိုရောက်လာမှန်းမသိဘဲ တွေ့ရတဲ့အမှတ်အသား၊ ခြေရာ၊လက်ရာနဲ့ လက်ရေးလို ဆေးကွက်တွေကိုသရဲခြောက်တဲ့အိမ်တွေမှာ မြင်တွေ့ရတတ်ပါတယ်။

(၉) ~ ထူးဆန်းတဲ့ အရိပ်တွေ

သရဲရှိတဲ့အိမ်တွေမှာသင့်ရဲ့မျက်လုံးထောင်ကနေအမည်းရောင်အရိပ်ကိုရိပ်ခနဲတွေ့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၁၀) ~ ကလေးငယ်တွေက လူမရှိဘဲ စကားပြောခြင်း

ကလေးတွေကလူမရှိဘဲနဲ့တစ်ယောက်ယောက်ရှိနေသယောင်စကားပြောနေပြီဆိုရင်သူတို့ဟာဝိဉာဉ်တွေနဲ့စကားပြောတာ ဖြစ်နိုင်ပါတယ်။

(၁၁) ~ ကိုယ့်အသားကို ထိကိုင်တယ်လို့ ခံစားရခြင်း

တချို့ဆိုရင်ဆွဲစိတ်သလိုတောင်ခံစားရတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီလိုဖြစ်ရပ်မျိုးဖြစ်တာ ရှားပါးပါတယ်။

(၁၂) ~ တီးတိုးသံ

မသဲမကွဲအသံတွေဒါမှမဟုတ်ဂီတသံတွေ ကြားရတယ်ဆိုရင်သင့်အိမ်ထဲရှိ ပြိတ္တာတွေကသင်နဲ့ဆက်သွယ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။

Credit to မ​နောမယ

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*