အမျိုးသမီးတွေ ဓမ္မတာလာစဉ် သွေးခဲတွေဆင်းရခြင်း အကြောင်းရင်း (၅) ချက်

s44

unicode

အမျိုးသမီးတိုင်း လစဉ်ဓမ္မတာလာစဉ်မှာ တစ်လနဲ့တစ်လ အ ခြေအနေတွေ မတူညီပါဘူး။ ကျန်းမာရေးအခြေအနေကိုလိုက်ပြီး ပမာဏ နည်းတာ၊ များတာ၊ သွေးအရောင် ရင့်တာ၊ သွေးခဲတာ စသဖြင့် ဖြစ်တတ်ပါတယ်။ ဓမ္မတာလာစဉ်မှာ သွေးခဲတယ်ဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို သိချင်နေတဲ့ ပျိုမေတို့အတ ွက် ဓမ္မတာလာစဉ်သွေးခဲရခြင်း အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်နော်…..

(၁) မ မျိုးဥ မှားယွင်းကြွေခြင်း”

မ မျိုးဥက သန္ဓေအောင်ပြီး သန္ဓေသားအဆင့်မရောက်ခင်မှာပဲ အကြောင်းအမျိုးမျိုးကြောင့် မမျိုးဥက ကြွေသွားပါတယ်။ အဲ့ဒီအခါ သ န္ဓေသားမဖြစ်သေးတဲ့ ဆဲလ်တွေကသွေးခဲတွေအဖြစ် ဆင်းလာတာပါ။ ဒါပေမယ့် သွေးခဲတေ ွဆင်းတိုင်း ဒီအ ကြောင်းတစ်ခုတည်း ကြောင့်လို့ တရားသေမှတ်ထားလို့မရပါဘူးနော်။ နောက်ထပ်အ ကြောင်းရင်းတွေ ကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ ဆက်ဖတ်ကြည့်ပါဦး……

(၂) သားအိမ်အတွင်းက အသားလုံးလေးတွေကွာကျခြင်း”

သားအိမ်နံရံမှာ အမျှင်တွေစုပြီး ဖြစ်နေတဲ့ အသားလုံးတချို့ ရှိတတ်ပါတယ်။ အဲ့ဒီအသားလုံးလေးတွေက ဓမ္မတာလာစဉ်နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီ အသားလုံးလေးတွေ ကွာကျလာတဲ့အခါမှာလည်း သေ ွးခဲအဖြစ်ဆင်းလာတတ်ပါတယ်။

(၃) သ န္ဓေတားခြင်း”

သန္ဓေတားဆေးသောက်ခြင်း ဒါမှမဟုတ် နည်းလမ်းတစ်ခုခုနဲ့ သန္ဓေတားထားတဲ့အခါမှာလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး သွေးခဲတွေ ဆင်းတတ်ပါတယ်။

(၄) မျိုးရိုးလိုက်ခြင်း”

ဒါကလည်း တခြားရောဂါတွေလိုပဲ မျိုးရိုးလိုက်တတ်တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ မိိခင်မှာ ဒီလိုဖြစ်ဖူးရင် မွေးလာတဲ့ သမီးတွေမှာလည်း ဒီလို သွေးခဲတွေဆင်းတာမျိုးတွေရှိတတ်ပါတယ်။

(၅) သွေးဆုံးအကြိုလက္ခဏာ”

သွေးဆုံးခါနီးအချိန်မှာ အီစထရိုဂျင်ဟော်မုန်းပမာဏ များနေတာ ကြောင့် သားအိမ်နံရံမှာ နဂိုကထက် တစ်သျှူးဖြစ်ပေါ်မှုပိုများလာပါတယ်။ သားအိမ်နံရံ ထူထဲလာပြီး ဓမ္မတာလာချိန်မှာ ကွာကျလာတာ ကြောင့် သွေးခဲတွေ ပါလာပါတယ်။ ဒါကြောင့် သွေးဆုံးအကြိုလက္ခဏာအဖြစ်လည်း သွေးခဲတွေဆင်းတတ်ပါတယ်နော်။ ။

MAY THAZINHTOO

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*