ပ​ထွေးက မယားပါသမီး(၄)နှစ်​ကို ဓမ္မတာထက်​​ကျော်​လွန်​၍ အဓမ္မပြုကျင့်​မှု

d4

မ​ကွေးတိုင်း​ဒေသကြီး ​ရေနံ​ချောင်းမြို့နယ်​ ပင်းဝအုပ်​စု (၉)ဦးကွင်းတွင်​ပ​ထွေးကမယားပါသမီးကိုဓမ္မတာထက်​ ​ကျော်​လွန်​၍အဓမ္မပြုကျင့်​သည်​ဟုဆိုကာမိခင်​မှ လက်​မှတ်​ကုန်းနယ်​​မြေရဲစခန်းသို့ သြဂုတ်​လ ၃၀ရက်​ ညပိုင်းက လာ​ရောက်​တိုင်​တန်းခဲ့သည်​။

သြဂုတ်​လ ၃၀ရက်​ နံနက်​ ၆နာရီအချိန်​က ​ဒေါ်…သည်​ ပင်းဝကျွန်း​ကျေးရွာမှ​မြေပဲခင်းတွင်​ ​နောက်​အိမ်​​ထောင်​ ဖြစ်​​သော မ….၏ပ​ထွေး..ကိုညိုတုတ်​(ခ)​ကျော်​နိုင်​နှင့်​ အတူ​မြေပဲဆွတ်​ရန်​သွား​ရောက်​ခဲ့​ကြောင်းသိရသည်​။

နေ့လယ်​ ၁၂နာရီအချိန်​ခန့်​တွင်​ ကိုညိုတုတ်​(ခ)​ကျော်​နိုင်​ သည်​ကွမ်းယာဝယ်​သွားခဲ့ပြီး ​ည​နေ (၄)နာရီအချိန်​မှ ​မြေပဲဆွတ်​ရာ​နေရာသို့ပြန်​​ရောက်​လာသဖြင့်​မသင်္ကာ ဖြစ်​ကာ ​ဒေါ်….သည်​​နေအိမ်​တဲသို့ပြန်​သွားကြည့်​ခဲ့​ ​ကြောင်းသိရသည်​။

နေအိမ်​သို့​ရောက်​ခဲ့ရာတွင်​ ယခင်​အိမ်​​ထောင်​နှင့်​ရရှိခဲ့​သော မ…..(၄)နှစ်​က နာကျင်​​နေသည်​ဟုဆို၍ အ​ကြောင်း စုံသိရန်​​မေးမြန်​ခဲ့ရာ မ…က ပ​ထွေးဖြစ်​သူကိုညိုတုတ်​ (ခ)​ကျော်​နိုင်​မှ ဖင်​စအိုအားသားမယားအဖြစ်​ပြုကျင့်​ ခဲ့​ကြောင်း​ပြောသဖြင့်​လက်​မှတ်​ကုန်​နယ်​​မြေရဲစခန်းသို့ မိခင်​ဖြစ်​သူ ​ဒေါ်က လာ​ရောက်​တိုင်​တန်းခဲ့ခြင်း ဖြစ်​သည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး လက်​မှတ်​ကုန်းနယ်​​မြေရဲစခန်းမှ ကိုညိုတုတ်​(ခ)​ကျော်​နိုင်​ကိုပအမှတ်​(ပ)၉၄/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၇၇ဖြင့်​အမှူ​ရေးဖွင့်​ကာစစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ​နေ​ကြောင်းရဲအုပ်​မိုးညိုက​ပြောသည်​။

တိုးတက်(မကွေး) #AlinnMyay(အလင်းမြေ) #မကွေး #ရေနံချောင်း #ApannPyay

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*