အိပ်ပျော်နေတဲ့ အမျိုးသမီးပေါ်ကို ကိုယ်လုံးတီးနဲ့ ဖိထားသူက စော်ကားဖို့ ကြံစည်တာမဟုတ်ပဲ ချော်လဲပြီး ဖိမိတာလို့ဆို

d22

လိင်မှုစော်ကားဖို့ ကြံစည်တာမဟုတ်ပဲ အမျိုးသမီးရဲ့အိပ်ရာပေါ် အဝတ်အစားမဝတ်ထားပဲချော်လဲခဲ့ရုံသာဖြစ်ကြောင်း ထွက်ဆိုခဲ့သူ…

အသက်၃၁နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်အိပ်ပျော်နေစဉ်မှာ လိင်မှုစော်ကားဖို့ကြိုးစားခဲ့တယ်ဆိုပြီး တရားစွဲခံထားရပေမယ့် စွပ်စွဲခံရတဲ့အမျိုးသားကတော့ မတော်တဆ အဲ့ဒီအမျိုးသမီးရဲ့အပေါ်ကို ချော်လဲကျခဲ့ရုံသာဖြစ်ပြီး လိင်မှုစော်ကားဖို့ကြံစည်ခဲ့တာမဟုတ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

အကျူးလွန်ခံရတယ်ဆိုပြီး တရားစွဲခဲ့တဲ့အမျိုးသမီးဟာ သူမရဲ့သူငယ်ချင်းတွေနဲ့ အရက်သောက်ဖို့ထွက်လာရာကနေ သံသယတရားခံအမျိုးသားကသူ့ရဲ့အိမ်မှာ ညအိပ်ဖို့ဖိတ်ခေါ်ခဲ့တဲ့အတွက် သူမနဲ့သူငယ်ချင်းတွေဟာ အဲ့ဒီအမျိုးသားအိမ်မှာညအိပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ မနက်အစောပိုင်းလောက်မှာ အဲ့ဒီအမျိုးသားဟာ အမျိုးသမီးကို ကိုယ်လုံးတီးနဲ့တက်ဖိထားတဲ့အတွက်အမျိုးသမီးဟာ သူမသူငယ်ချင်းတွေကိုခေါ်ပြီး အဲ့ဒီအိမ်ကနေထွက်သွားခဲ့ကြပါတယ်လို့ the sun websiteမှာဖော်ပြထားပါတယ်။

ဒါပေမယ့် အမျိုးသားဖြစ်သူကတော့ သူဟာအိမ်သာကိုသွားပြီး အပြန်မှာ အဲ့ဒီအမျိုးသမီးအိပ်နေတဲ့ ကုတင်ကိုတိုက်မိပြီး အိပ်နေတဲ့သူမအပေါ်မတော်တဆကျသွားတာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။ အမျိုးသမီးဆီကနေ ပြစ်မှုကျူးလွန်တဲ့အမျိုးသားရဲ့ DNAကိုတွေ့ရှိခဲ့တဲ့အပေါ်မှာလည်း အဲ့ဒီအမျိုးသားက သူ့ရဲ့အိမ်နေရင်းဘောင်းဘီကိုပေးဝတ်ထားတာကြောင့်တွေ့ရှိတာဖြစ်မယ်လို့ ဆင်ခြေပေးခဲ့ပါတယ်။ ဆရာဝန်တွေကတော့ အိမ်နေရင်းဘောင်းဘီကိုပေးဝတ်ထားရုံနဲ့ DNAထွက်မလာဘူးလို့ တရားရုံးကိုအသိပေးပြီးဖြစ်တယ်ဆိုတာ The sun websiteမှာဖော်ပြထားပါတယ်။

ဘယ်သူမှားလဲမှန်လဲ အဖြေမပေါ်သေးပဲ တရားရင်ဆိုင်နေဆဲဒီအမှုဟာ တရားခံအမျိုးသားရဲ့ဆင်ခြေကြောင့် နိုင်ငံတကာမှာ စိတ်ဝင်စားသူတွေများပြားနေတာတော့ အသေအချာပါပဲ။

Yenin Phawah-ApannPyay

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*