ဆက်သွယ်ရေး ကုမ္ပဏီတွေက ဖုန်းဘေကို မလျော်မကန်ဖြတ်တောက်နေလို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ဖိဖိစီးစီးကိုင်တွယ်လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွှန်းပြီ …

a1 2

ဒီနေ့လွှတ်တော်မှာ အောင်မြေသာစံ မဲဆန္ဒနယ်က ဒေါက်တာဦးလှမိုးရဲ့ ဆက်သွယ်ရေး သုံးစွဲနေသူများအပေါ် စားသုံးသူ အခွင့်အရေးချိုးဖောက်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ပြဋ္ဌာန်းပြီး ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတို့နဲ့ ကြပ်မတ်စစ်ဆေးအရေးယူဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဖြေကြားအပြီးမှာ ဥက္ကဋ္ဌက ပြောခဲ့တာပါ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

ဦးတီခွန်မြတ်က “အခုကတော့ မလျော်မကန် ဖြတ်တောက်မှုတွေ ဖြစ်ပေါ်နေပြီဆိုတာ ပေါ်ပေါက်နေပါတယ်၊ အဲ့ဒီအတွက်ကြောင့် ဒါကို ဘယ်လို ဖိဖိစီးစီး အရေးယူဆောင်ရွယ်မယ်ဆိုတဲ့ အပိုင်းကို ဝန်ကြီးဌာနအနေနဲ့ အလျင်အမြန် ဆောင်ရွက်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ ဒီ မေးခွန်းဟာ အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်” လို့ တိုက်တွန်းခဲ့ပါတယ်။

မေးခွန်းမေးတဲ့ ဒေါက်တာလှမိုးက ဆက်သွယ်ရေးကုမ္ပဏီတွေက သုံးစွဲသူတွေဆီကနေ ဖုန်းဘေတွေကို မလျော်မကန် ဖြတ်တောက်နေတာကြောင့် တနှစ်ကို ကျပ်ငွေ ၂၅ ဘီလီယံ လောက် နစ်နာဆုံးရှုံးနေရတယ်လို့ ခုလို ထောက်ပြခဲ့ပါတယ်။

“ဒီလို ဖြတ်တောက်မှုဆိုင်ရာမှာ သုံးစွဲသူ သန်း ၆၀ ရှိတဲ့အနက် တပတ်ကို ဝန်ဆောင်မှု တမျိုးအတွက် ဦးရေ တသန်းပဲ မှားဖြတ်တယ်ထား၊ တပတ်ကို သန်း ၅၀၀ လောက် နစ်နာပါတယ်၊ တလကို နှစ်ဘီလီယံလောက် နစ်နာပါတယ်။ တနှစ်ကို ၂၅ ဘီလီယံလောက် ကျနော်တို့ သုံးစွဲသူတွေ နစ်နာပါတယ်။

ဒေါက်တာလှမိုးက ဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းသုံးသူတွေဆီက ဖုန်းဘေကို မလျော်မကန် ဖြတ်တောက်နေတာဟာ ခိုးမှုမြောက်သလို ကွန်းပလိန်းတက်မှ ငွေပြန်ထည့်ပေး တာဟာလည်း အလွဲသုံးစားမှုမြောက်တယ်လို့ လွှတ်တော်ထဲ ပြောခဲ့ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကတော့ ဌာနအနေနဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကို တကယ်တမ်း အရေးယူလို့ မရသေးဘဲ ဥပဒေပြင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖုန်းအော်ပရေတာကုမ္ပဏီ ၄ ခုရှိပြီး အမ်ပီတီသုံးစွဲသူ ၂၁ သန်း၊ တယ်လီနောသုံးစွဲသူ ၁၉ သန်း၊ အော်ရီဒူးသုံးစွဲသူ ၁၂သန်းနဲ့ မိုင်တဲကတ်သုံးစွဲသူ ၅ သန်းလောက် ရှိနေပါတယ်။

share from : burmese.asia

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*