ှု သြဂုတ်လ ၁၀ရက်နေ့ ညနေ ၃နာရီခန့်ကပထွေးဖြစ်သူက (၁၀)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှု

h6

ညောင်တုန်းတွင် ပထွေးဖြစ်သူက (၁၀)နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်။ ။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်​ခရိုင်​၊ ညောင်​တုန်းမြို့နယ်​၊ ရွာသစ်​ကျေးရွာအုပ်​စု၊ တခွန်​တိုင်​ကျေးရွာတွင်​ တစ်အိမ်ထဲအတူနေ ၁၀နှစ်အရွယ် စတုတ္ထတန်းကျောင်းသူကို ပထွေးက အဓမ္မပြုကျင့်မှု သြဂုတ်လ ၁၀ရက်နေ့ ညနေ ၃နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရွာထဲရှိဈေးဆိုင်​တွင်​ သမီး××××× ကို မိခင်က ဆန်​ဝယ်​ခိုင်းလိုက်​ရာ နာရီဝက်​ခန့်​ကြာသည့်​အထိ နေအိမ်​ပြန်​မလာသဖြင့် ဈေးဆိုင်​လိုက်​သွားရာ လမ်းရှိလူမနေသည့်​ ခြံဝန်းအတွင်း၌ ပထွေးဖြစ်သူ လင်းလင်း က အဓမ္မပြုကျင့်​နေသည်ကိုတွေ့ခဲ့သည်။

ထို့နောက် သမီးဖြစ်​သူကို နေအိမ်​သို့ပြန်​ခေါ်လာပြီး မေးမြန်းရာ ဆန်သွားဝယ်စဉ် လမ်း၌ ပထွေးဖြစ်သူ လင်းလင်းက ခြုံအတွင်းမှထွက်လာကာ လူမနေသည့် ခြံဝန်းအတွင်းလက်ဆွဲခေါ်သွားပြီး အဓမ္မပြုကျင်းခဲ့ကြောင်း လွန်ခဲ့သော တစ်လခန့်ကလည်း မိခင်ဖြစ်မရှိခိုက် နေအိမ်ခန်းအတွင်း ပြန်ပြောလျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ သုံးကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း မ××××၏ ပြောပြချက်အရ မိခင်ဖြစ်သူထံမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်သူ လင်းလင်း (၃၉)နှစ် ကို မ××××၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး အရေးယူပေးပါရန်တိုင်ကြားသဖြင့် ညောင်​တုန်းမြို့မရဲစခန်းမှ (ပ) ၃၃၄/ ၁၉ ရာဇသက်​ကြီးပုဒ်​မ- ၃၇၆ ဖြင့်​ အမှုဖွင့်​၍ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်​။

Ayeyarwaddy_Times ထူးခြား/ဧရာဝတီတိုင်းမ်

ApannPyay

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*