ဆိုင်ပိုင်ရှင် ရော ဝန်ထမ်းတွေပါ အရှင်လတ်လတ် မြေပြိုတဲ့ထဲ ပါသွားတဲ့ မွန်ပြည်နယ်က ရင်နင့်ဖွယ် အဖြစ်ဆို

22




Source Ref : SweSwe Winn

Unicode Version
သဘာဝဘေးအန္တရာယ်ဟာ ကြောက်ဖို့ကောင်းသလောက် ဘာမှကြိုတင်ပြင်ဆင်ချိန်မရလောက်အောင် အားလုံးကို ရက်စက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ မွန်ပြည်နယ်လေးကတော့ သဘာဝဒဏ်ကို အလူးအလဲခံနေရပါတယ်။ လက်ရှိမှာလည်း လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရသလို ဒဏ်ရာရှိသူတွေလည်း မနည်းမနောပါပဲ။

အဲဒီထဲကမှ ပိုပြီးရင်နာဖို့ကောင်းတဲ့အဖြစ်လေးကတော့ HIGHWAY KING Indian Restaurant ဆိုင်မှာရှိတဲ့ လူတွေဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ပါ။

အဆိုပါဆိုင်လေးဟာ ရှုရှင်းလှပပြီး ကားလမ်းဘေးမှာဖွင့်ထားခဲ့ပေမယ့် မိုးရွာမှုရဲ့နောက်ဆက်တွဲဖြစ်တဲ့ မြေပြိုမှုကြောင့် ဆိုင်ရှင်ရောဆိုင်ဝန်ထမ်းတွေပါ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့ကြောင့် ရှေးလူကြီးတွေ ပြောနေကြစကားဖြစ်တဲ့ ” ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက်မကွေးခင်” ဆိုတဲ့အတိုင်း လူ့ဘဝဟာနေ့မြင်ညပျောက်ဖြစ်တတ်တာမို့ အသက်ရှင်နေစဉ်စက္ကန့်တိုင်းမှာ ကောင်းမှုကုသိုလ်တွေလုပ်ပြီး လူ့လောကအတွက် အကျိုးပြုနိုင်တဲ့သူဖြစ်ပါစေနော်။

Credit: Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : SweSwe Winn

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*